ဓမ္မရာဇဝင်ပဌမစောင် 12:22-24
22
ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှါ အလိုရှိတော်မူပြီ။
23
ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
24
သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
Settings