ဓမ္မရာဇဝင်ပဌမစောင် 10:18-19
18
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်း တို့ လက်မှ ကယ်နှုတ်သော်လည်း၊
19
သင်တို့ကို ဒုက္ခဆင်းရဲဘေးဥပဒ် ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ ဘုရားသခင်ကို ယနေ့ သင်တို့သည် ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါဟု လျှောက်ကြ ပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ် ကြလော့ဟု ဣသရေလ အမျိုးသားတို့အား ဆိုသဖြင့်၊
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings