ဓမ္မရာဇဝင်တတိယစောင် 8:18-19
18
ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။
19
သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။