Skip to content
ဓမ္မရာဇဝင်တတိယစောင် 15:32-34

ဗာရှာ နာဒပ်ကို သတ်၍ နန်းစံခြင်း

ဓမ္မရာဇဝင်တတိယစောင် 15:32-34
32
အာသနှင့်ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
33
ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံ ကို နှစ်ဆယ်လေးနှစ်စိုးစံ၏။
34
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလ အမျိုးကိုပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options