Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 7:17-20

ကောရိန္သုဩဝါဒစာပဌမစောင် 7:17-20

17
သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။
18
အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျား လှီးခြင်းကို မခံစေနှင့်။
19
အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။
20
ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့လူတိုင်းလုပ်နေစေ။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options