Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 4:18-21

ကောရိန္သုဩဝါဒစာပဌမစောင် 4:18-21

18
ငါသည်သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။
19
သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာန ထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။
20
အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။
21
သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် ၎င်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်၎င်း၊ လာရမည်လော။
Settings

Reading Style

Typeface

Font Size 19px

Options