Skip to content
ရာဇဝင်ချုပ်ပဌမစောင် 23:13-14

ရာဇဝင်ချုပ်ပဌမစောင် 23:13-14

13
အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။
14
ဘုရားသခင့်လူမောရှေ၏သားကိုကား၊ လေဝိ အမျိုးသားတို့၏ စာရင်း၌သွင်းရ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options