ရာဇဝင်ချုပ်ပဌမစောင် 22:9-10
9
သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန် ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏ လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို၎င်း၊ ငါပေးမည်။
10
ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည် ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings