ယေရဟမေလ၏ အမျိုးအနွယ်
25
ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
26
အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။
27
ယေရမေလ၏ သားဦး အာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။
28
ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း။
29
အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။
30
နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။
31
အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သား အာလဲတည်း။
32
ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း။ ယေသာ၌ သားမရှိ။
33
ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
34
ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ၍၊
35
ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင်၏။
36
အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။
37
ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊
38
ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။
39
အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊
40
ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊
41
ရှလ္လုံသား ယေကမိ၊ ယေကမိ သားဧလိရှမာ တည်း။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်