အကြောင်းအရာသို့ ကျော်သွားရန်

The Feasts of Trumpets အကြောင်း ကျမ်းစာအခန်းငယ်များ

5 အခန်းငယ် · 4 ရှုထောင့်

"The Feasts of Trumpets" ကို ရှာဖွေရန်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

  2. နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

  3. သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

  4. အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။

  5. ထိုသို့ ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည်။