အကြောင်းအရာသို့ ကျော်သွားရန်

Smith အကြောင်း ကျမ်းစာအခန်းငယ်များ: Genius of, from God

10 အခန်းငယ် · 6 ရှုထောင့်

Genius of, from God အကြောင်း အခန်းငယ်များ

  1. သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊

  2. သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

  3. ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။

  4. တဖန် မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ။

  5. သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်။

  6. ကျောက်ကို သွေး၍ စီသော အတတ်၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

  7. ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။

  8. သူနှင့် ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း၊ ဉာဏ်ကို ပေးတော်မူပြီ။

  9. ထိုသူတို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။

  10. မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။