Seth အကြောင်း ကျမ်းစာအခန်းငယ်များ: Son of Adam
Son of Adam အကြောင်း အခန်းငယ်များ
အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကို ဘွားမြင်၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသော အမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊
အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။
ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။
အာဒန်၊ ရှေသ၊ ဧနုတ်၊
ကာဣနန် အဘဧနုတ်၊ ဧနုတ်အဘရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘဘုရား သခင်ပေတည်း။