Pharisees အကြောင်း ကျမ်းစာအခန်းငယ်များ: Paul, a Pharisee
Paul, a Pharisee အကြောင်း အခန်းငယ်များ
ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။
အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ၏။