Skip to content

Myrtle အကြောင်း ကျမ်းစာအခန်းငယ်များ

4 အခန်းငယ်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။

  2. တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်းရူးပင်၊ တဒေရ ပင်၊ တာရှုရပင်များကို၎င်း ရောနှောလျက် စိုက်မည်။

  3. အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။

  4. ညဉ့်အခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတု တော၌ ရပ်၏။ သူ့နောက်မှာနီသောမြင်း၊ ညိုသော မြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။