Lazarus အကြောင်း ကျမ်းစာအခန်းငယ်များ: Supped with Jesus
Supped with Jesus အကြောင်း အခန်းငယ်များ
ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။
ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။