Lamech အကြောင်း ကျမ်းစာအခန်းငယ်များ: 1. Father of Jabal, Jubal, and Tubal-Cain
1. Father of Jabal, Jubal, and Tubal-Cain အကြောင်း အခန်းငယ်များ
ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလ သားကား၊ လာမက်တည်း။
လာမက်သည်၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊
အာဒသည် သားယာဗလကိုဘွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့၏ အဘဆရာ ဖြစ်လေသတည်း။
ယုဗလအမည်ရှိသော ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။
ဇိလသည်လည်း၊ သားတုဗလကာဣနကို ဘွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမား အ ပေါင်းတို့၏ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။
လာမက်ကလည်း အာဒနှင့်ဇိလ၊ ငါပြောသံကို မှတ်ကြလော့။ လာမက်မားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ။
ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။