Skip to content

Heathen အကြောင်း ကျမ်းစာအခန်းငယ်များ

7 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။

  2. သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။

  3. ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊

  4. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော၊

  5. သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေး ကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။

  6. သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိ နှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက် လော့။

  7. အကြောင်းမူကား၊ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံ သော မြို့တို့၌ နေကြလိမ့်မည်။