အကြောင်းအရာသို့ ကျော်သွားရန်

Godly Fear အကြောင်း ကျမ်းစာအခန်းငယ်များ: Impartial administration of justice

4 အခန်းငယ် · 50 ရှုထောင့်

"Godly Fear" ကို ရှာဖွေရန်

Impartial administration of justice အကြောင်း အခန်းငယ်များ

  1. သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏ အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာ တွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။

  2. သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။

  3. ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏တရားမှုကို၎င်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရား တွေ့မှုတို့ကို၎င်း၊ စီရင်စေခြင်းငှါ လေဝိသား၊ ယဇ်ပုရော ဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊

  4. သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရ ဘုရားကိုကြောက် ရွံ့လျက်၊ သစ္စာစောင့်လျက် စီရင်ကြ လော့။