Cud အကြောင်း ကျမ်းစာအခန်းငယ်များ: Chewing of, was one of the facts by which clean and unclean animals were distinguished.
Chewing of, was one of the facts by which clean and unclean animals were distinguished. အကြောင်း အခန်းငယ်များ
ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ၏။
သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
ရှာဖန်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။
ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။
စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ။
စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊
ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ၏။
သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလား အုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။