အကြောင်းအရာသို့ ကျော်သွားရန်

Character of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ: Enticing to evil

5 အခန်းငယ် · 56 ရှုထောင့်

"Character of the Wicked" ကို ရှာဖွေရန်

Enticing to evil အကြောင်း အခန်းငယ်များ

  1. ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။

  2. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

  3. သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။

  4. အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။

  5. ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊