အကြောင်းအရာသို့ ကျော်သွားရန်

Botany အကြောင်း ကျမ်းစာအခန်းငယ်များ: Laws of nature in the vegetable kingdom uniform in action

8 အခန်းငယ် · 3 ရှုထောင့်

Laws of nature in the vegetable kingdom uniform in action အကြောင်း အခန်းငယ်များ

  1. ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ် သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။

  2. ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။

  3. ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။

  4. မကောင်းသောအသီးကိုသီးသော အပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင်မဟုတ်။

  5. အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ ၌ စပျစ်သီးကိုမဆွတ်တတ်။

  6. အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။

  7. ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။

  8. ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။