Skip to content

Booth အကြောင်း ကျမ်းစာအခန်းငယ်များ

6 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။

  2. ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။

  3. ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊

  4. သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။

  5. ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။

  6. လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန် တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။