Beasts အကြောင်း ကျမ်းစာအခန်းငယ်များ: Not eaten
Not eaten အကြောင်း အခန်းငယ်များ
သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
ရှာဖန်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။
ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။