အကြောင်းအရာသို့ ကျော်သွားရန်

Nehemiah

5 အခန်းငယ် · 2 မိသားစုဝင်

Nehemiah ကို ဖော်ပြသော အခန်းငယ်များ

  1. ဟာခလိသား နေဟမိစကားဟူမူကား၊ အာတ ဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်၊

  2. လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက် သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။

  3. တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊

  4. ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိန်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ရှိကြ၏။

  5. ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကို၎င်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကို၎င်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ် တို့အားလှူကြ၏။