Skip to content

ဆာလံကျမ်း 128

ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၏ ကောင်းကြီးမင်္ဂလာ 1–2

1
ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော် သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
2
ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ် ဆောင်၍ရသော အစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားရလိမ့်မည်။

အိမ်နှင့် မိသားစု၌ စည်ပင်ဝပြောခြင်း 3–4

3
သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
4
ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။

ဇိအုန်မှလာသော ဣသရေလအတွက် ကောင်းကြီးမင်္ဂလာ 5–6

5
ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည်။
6
မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်