Skip to content
ဇာခရိအနာဂတ္တိကျမ်း 1:3-6

ဇာခရိအနာဂတ္တိကျမ်း 1:3-6

3
သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည် မှာ၊ ငါ့ထံသို့ ပြန်၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
4
ရှေးပရောဖက်တို့က၊ သင်တို့မကောင်းသော လမ်း၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
5
ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက် ရှင်တတ်ကြ သလော။
6
ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options