ဆာလံကျမ်း 94:9-12
9
နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော။
10
လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
11
လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။
12
အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊
Settings