Skip to content
ဆာလံကျမ်း 75:1-3

ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်စွာ စီရင်ခြင်း

ဆာလံကျမ်း 75:1-3
1
အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
2
ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။
3
မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်