Skip to content
ဆာလံကျမ်း 74:12-17

ဆာလံကျမ်း 74:12-17

12
အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ ပြုသော ငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
13
ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။
14
လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။
15
စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။
16
နေ့နှင့်ညဉ့်ကို ပိုင်တော်မူ၏။ နေမှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ။
17
မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကို၎င်း၊ နွေကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။
Settings

Reading Style

Typeface

Font Size 19px

Options