Skip to content
ဆာလံကျမ်း 65:5-8

ဆာလံကျမ်း 65:5-8

5
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
6
ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကို တည်စေတော်မူ၏။
7
သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏။
8
အဝေးဆုံးသော အရပ်တို့၌နေသော သူတို့သည် ကိုယ်တော်၏ နိမိတ်များကို မြင်၍ ကြောက်ရွံ့ကြ ပါ၏။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options