Skip to content
ဆာလံကျမ်း 5:8-11

ဆာလံကျမ်း 5:8-11

8
အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ။
9
သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။
10
အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော။ ကိုယ်တော်ကို ပုန်ကန်သော သူဖြစ်၍၊ ပြစ်မှား သော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော် မူပါ။
11
ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။
Settings

Reading Style

Typeface

Font Size 19px

Options