ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်စွာ တောင်းပန်ခြင်း
10
အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။
11
အကျွန်ုပ်၏ ရန်သူသည် အကျွန်ုပ်အား မနိုင် ကြောင်းကို ထောက်၍၊ ကိုယ်တော်သည် အကျွန်ုပ် မြတ်နိုးတော်မူသည်ဟု သိရပါ၏။
12
ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့။
13
ဣသရေလအမျိုး၏ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်