အကြောင်းအရာသို့ ကျော်သွားရန်
ဆာလံကျမ်း 34:4-8

ထာဝရဘုရားသည် ကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍ သိမှတ်ကြလော့

ဆာလံကျမ်း 34:4-8
4
ငါသည် ထာဝရဘုရားကိုရှာသောအခါ နား ထောင်တော်မူ၏။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။
5
ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်း လွတ်ကြလိမ့်မည်။
6
ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။
7
ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ် လွှတ်တတ်ကြ၏။
8
ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options