Skip to content
ဆာလံကျမ်း 21:8-13

ဆာလံကျမ်း 21:8-13

8
ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။
9
အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။
10
သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည်။
11
အကြောင်းမူကား၊ ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
12
ထိုကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတို့ ကိုရွယ်၍၊ သူတို့ ကျောကို လှည့်စေတော်မူမည်။
13
အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။
Settings

Reading Style

Typeface

Font Size 19px

Options