ဘုရားသခင်ကို အဘယ်မှာ၊ အဘယ်ကြောင့် ချီးမွမ်းရမည်နည်း
1
သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။
2
ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်