Skip to content
ဆာလံကျမ်း 119:73-78

ဆာလံကျမ်း 119:73-78

73
ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေ တော်မူပါ။
74
နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။
75
အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
76
ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။
77
ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
78
မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။
Settings

Reading Style

Typeface

Font Size 19px

Options