ဆာလံကျမ်း 119:44-48
44
ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။
45
ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရ ပါ၏။
46
သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။
47
အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။
48
နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
Settings