Skip to content
ဆာလံကျမ်း 104:31-35

ထာဝရချီးမွမ်းမည်ဟူသော သစ္စာကတိ

ဆာလံကျမ်း 104:31-35
31
ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲ တည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။
32
မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
33
ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ ဘုရား သခင်ကို ထောမနာသီချင်းဆိုမည်။
34
ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူ ဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။
35
ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options