15
လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ်၏။
16
လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။
17
ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ်၏။