Skip to content
ဆာလံကျမ်း 102:13-17

ဆာလံကျမ်း 102:13-17

13
ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။
14
ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
15
တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။
16
ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
17
ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options