Skip to content
ဆာလံကျမ်း 10:4-11

ဆာလံကျမ်း 10:4-11

4
မတရားသောသူသည် မာနထောင်လွှားသော ကြောင့်၊ မစဉ်းစားတတ်ပါ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ၏။
5
အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင်တော်မူ ချက်တို့သည်သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။
6
ငါသည်အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရ ဟု အောက်မေ့တတ်ပါ၏။
7
သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်း သောအကြံနှင့် မတရားသော အမှုရှိပါ၏။
8
ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသော သူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ် ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။
9
ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ဘမ်းဆီးတတ်ပါ၏။
10
ထိုသို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ၏လက်သို့ ကျရောက်တတ် ကြပါ၏။
11
ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 90 chars

Options