Skip to content
ဖိလိပ္ပိဩဝါဒစာ 4:2-3

ဧဝေါဒိနှင့် သုန္တုတ်တို့ သဘောတူရန် တိုက်တွန်းခြင်း

ဖိလိပ္ပိဩဝါဒစာ 4:2-3
2
ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ၏။
3
အချင်း ငါ့လုပ်ဘော်ဆောင်ဘက်စစ်၊ သင်တို့ကိုလည်း ငါတောင်းပန်၏။ ငါနှင့်ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသောငါ၏လုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်