တောလည်ရာကျမ်း 33:51-52
51
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊
52
ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။