Skip to content
တောလည်ရာကျမ်း 3:33-37

တောလည်ရာကျမ်း 3:33-37

33
မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
34
ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
35
မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
36
မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
37
ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
Settings

Reading Style

Typeface

Font Size 19px

Options