Skip to content
တောလည်ရာကျမ်း 26:9-11

တောလည်ရာကျမ်း 26:9-11

9
ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
10
မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
11
သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်