တောလည်ရာကျမ်း 26:62-63
62
အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
63
ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings