တောလည်ရာကျမ်း 25:12-13
12
သို့ဖြစ်၍ သင်ပြောရသည်ကား၊ ငါ၏ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး၏။
13
သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ၏။