တောလည်ရာကျမ်း 24:17-19
17
ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
18
ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည်။
19
အစိုးရသော သူတပါးသည်၊ ယာကုပ်အမျိုးထဲက ထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို၏။
Settings