Skip to content
တောလည်ရာကျမ်း 2:10-16

ရုဗင်အမျိုး၏ တပ်စခန်း—တောင်ဘက်

တောလည်ရာကျမ်း 2:10-16
10
တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
11
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
12
ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
13
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။
14
ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
15
သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။
16
ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options