တောလည်ရာကျမ်း 1:51-54
51
တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
52
ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည်။
53
ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊
54
မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings